June 25, 2015

Posted by Unknown Posted on Thursday, June 25, 2015 | No comments

တက်တူး အစ ဆေးမင်ကြောင်က

ဆေးမင်ကြောင်ဓလေ့ဟာ ပိုလီနီးရှန်း (Polynesian)
လူမျိုး များကစတင်ခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ ဆေးမင်
ကြောင် မြတ်နိုးသူများက "အရေပြားအနုပညာ"
(Skin Art)၊
ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း
ခေါ်ဆိုကြပါတယ်ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို
ပုဂံခေတ်က စတင်ခဲ့ကြပါတယ် 
မြန်မာနိုင်ငံသားယောက်ျားများဟာအဆောင်သဘောအနေနဲ့ 
ဆေးမင်ကြောင်များထိုးနှံလာခဲ့ရာမှ နောက်ပိုင်းအလှအပသဘောသို့ ပြောင်းလဲလာခဲ့ပါတယ် အဲဒီနောက်
"ထိုးကွင်းရှိမှ ယောက်ျားပီသတယ်"
ဆိုတဲ့ သဘောထားများဝင်ရောက်လာချိန်မှာ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားခဲ့ပါတယ်
အင်းဝခေတ်မှစပြီး ကုန်းဘောင် ခေတ်ကုန်ဆုံးပြီးနောက်
နှစ်ပေါင်း အတန်ကြာတဲ့အထိ ဆေးမင်ကြောင်ခေတ်ကြီးအလွန်ကောင်းစားစဉ်ကထိုးကွင်းမင်
ကြောင်မရှိလျှင် လူရာမဝင်သလောက်ပင်ဖြစ်ခဲ့ပါတယ် 
ယနေ့ခေတ် လူငယ်ထုအကြားမှာ တဖြည်းဖြည်း စိမ့်ဝင်လာတဲ့
တက်တူး ယဉ်ကျေးမှုက
မိမိတို့ နှစ်သက်မြတ်နိုးတဲ့ အရာတစ်ခုကို အမှတ်တရ
ဖြစ်စေဖို့ ရေးထိုးခြင်း မှ ချစ်သူစုံတွဲ တချို့အတွက် ချစ်ခြင်းမေတ္တာကို သရုပ်ဖော်စရာတစ်ရပ်ထိလည်း ဖြစ်လာခဲ့ပါတယ်
တက်တူးဆိုတာ အလှအပတစ်ရပ်သာ ဖြစ်ပါတယ်။
တက်တူးထိုးသူတိုင်း လမ်းသရဲ မဟုတ်၊ လူမိုက်မဟုတ်ကြသလို
တက်တူးထိုးတဲ့ မိန်းကလေးများကိုလည်း မကောင်းတဲ့ အမျိုးသမီးလို့  သတ်မှတ်လို့မရပဲခေတ်နှင့်အညီမျောပါလာတဲ့ဖက်ရှင်တစ်ရပ်သာဖြစ်တယ်လို့ တက်တူးထိုးထားသူများကဆိုကြပါတယ်
ဘယ်လိုပဲ ဆိုဆို မြန်မာ တက်တူး ရဲ့ အစ ဟိုးရှေး ဆေးမင်ကြောင်က စလာခဲ့တယ်ဆိုတာ 
ရှေးမြန်မာ ဆေးမင်ကြောင်ထိုးနေတဲ့
ရှေးဟောင်း ဓါတ်ပုံက
သက်သေပြနေပါလိမ့်မယ်။




Categories:

0 comments:

Post a Comment