June 28, 2015

ဆယ်ကျော်သက်လေးတွေ တီထွင်လိုက်တဲ့ စမတ်ကွန်ဒုံး'
(18+ Knowledge) [Only on Weekend]

ဗြိတိန်နိုင်ငံမှ ဆယ်ကျော်သက် လူငယ်လေးတွေရဲ့ တီထွင်မှုကတော့ အံ့မခန်းပါပဲ။ သူတို့ဟာ Isaac Newton Academy မှ ကျောင်းသားငယ်လေးတွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေ တီထွင်လိုက်တာကတော့ 'စမတ်ကွန်ဒုံး' ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ သူတို့ တီထွင်လိုက်တဲ့ ကွန်ဒုံးကလည်း တစ်ကယ့်ကို စမတ်ကျပါတယ်။ ဒီဆယ်ကျော်သက်လေးတွေက လိင်ဆက်ဆံမှုကတစ်ဆင့် ရောဂါ ကူးစက်မှုတွေ (STLs) ကို ကာကွယ်နိုင်ဖို့အတွက် စိတ်ကူးသစ်တစ်ခုကို အံ့အားသင့်ဖွယ် အကောင်အထည်ဖော်ခဲ့ကြတာပါ။

သူတို့ တီထွင်လိုက်တဲ့ 'စမတ်ကွန်ဒုံး' က လိင်ဆက်ဆံတဲ့အခါ လိင်ဆိုင်ရာကူးစက်ရောဂါပိုး တစ်မျိုးမျိုးကို တွေ့ရှိခဲ့ရင် အရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် ကျောင်းသားလေးတွေရဲ့ 'စမတ်ကွန်ဒုံး' တီထွင်မှုက ဗြိတိန်မှာ ချီးမြှင့်ပေးအပ်တဲ့ TeenTech ဆုရွေးချယ်ပွဲမှာ ပထမဆုရရှိခဲ့ပြီး ဆုကြေးငွေ ပေါင်စတာလင် ၁,၀၀၀ နဲ့အတူ ဘက်ကင်ဟမ်နန်းတော်ကို လည်ပတ်ခွင့်လည်း ရခဲ့ပါတယ်။

'S.T. EYE' လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ 'စမတ်ကွန်ဒုံး' မှာ လိင်ဆိုင်ရာရောဂါ ဖြစ်ပွားစေတဲ့ ကိုယ်ခန္ဓာတွင်းမှ ထွက်ရှိသောအရာတွေကို တုံ့ပြန်နိုင်တဲ့ ပဋိပစ္စည်းအလွှာတစ်ခု ပါရှိပါတယ်။ အဲဒီ ပဋိပစ္စည်းအလွှာက လိင်ရောဂါအမျိုးအစားပေါ်မူတည်ပြီး ကွန်ဒုံးကို အရောင်ပြောင်းလဲသွားစေပါတယ်။ 

အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါကို ထိခိုက်စေတဲ့ chlamydia လိင်ပိုင်းဆိုင်ရာရောဂါအတွက်ဆိုရင် လိင်ဆက်ဆံနေစဉ် ကွန်ဒုံးဟာ အစိမ်းရောင် ပြောင်းသွားပါမယ်။ လိင်အင်္ဂါရေယုန်လို့ခေါ်တဲ့ herpes အတွက်ဆိုရင် ကွန်ဒုံးက အဝါရောင်ဖြစ်သွားပြီး ဆစ်ဖလစ်ကာလသားရောဂါ syphilis ဆိုရင်တော့ ကွန်ဒုံးက အပြာရောင် ပြောင်းသွားလိမ့်မယ်လို့ တီထွင်သူ ဆယ်ကျော်သက်တွေက ရှင်းပြပါတယ်။

'စမတ်ကွန်ဒုံး' ကို တီထွင်တဲ့ ဆယ်ကျော်သက်လေးတွေဟာ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ် အရွယ်လေးသာ ဖြစ်ကြတယ်ဆိုရင် ပရိသတ်များ ပိုပြီး အံ့အားသင့်ကြမှာပါ။ သူတို့က 'စမတ်ကွန်ဒုံး' ဟာ လူတွေကို လိင်ဆက်ဆံမှုကတစ်ဆင့် ရောဂါ ကူးစက် ခံရမှုကနေ လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ ဆယ်ကျော်သက်လေးတွေ တီထွင်လိုက်တဲ့ 'စမတ်ကွန်ဒုံး' ကို စိတ်ဝင်စားမှု အများအပြားရှိနေကြတယ်လို့ သိရပါတယ်။

Categories:

0 comments:

Post a Comment